Ministry Of Education

နောက်ခံသမိုင်း

ဖွဲ့စည်းပုံနောက်ခံသမိုင်း

            တောင်ကုတ်ဒီဂရီကောလိပ်သည် အမ်းလမ်းမကြီး၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့တွင် တည်ရှိပြီး တောင်ကုတ်ကောလိပ်ကို (၂၃-၂-၂၀၁၂)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ အရာထမ်း (၇၅)ဦး၊ အမှုထမ်း(၂၁၉)ဦး စုစုပေါင်း(၂၉၄)ဦးတို့ ဖြစ်ပါသည်။ (၁၁-၁၀-၂၀၁၆) ရက်နေ့တွင် ဒီဂရီကောလိပ် ကို အရာထမ်း(၂၇၇)၊ အမှုထမ်း(၄၈၂) စုစုပေါင်း(၇၅၉)နေရာ တိုးမြှင့်ခဲ့ပြီး၊ (၈-၁-၂၀၁၇) ရက်နေ့ တွင် တောင်ကုတ်ဒီဂရီကောလိပ် ဖွင့်ပွဲအခမ်းအနားကို ဒုတိယသမ္မတ ဦးမြင့်ဆွေမှ လာရောက်ဖွင့်လှစ် ပေးခဲ့ပြီး ဖြစ်ပါသည်။ ဧကအကျယ်အဝန်းမှာ (၂၁၂.၂၀)ဧက၊ အရှေ့လောင်ဂျီကျု ၉၄º ၁၃º ၁၉.၈” မှ ၉၄º ၁၄º ၂၅.၅”၊ မြောက်လတ္တီကျု ၁၈º ၅၂’ ၂၅.၇” မှ ၁၈º ၅၄’ ၅၄.၉၇” တို့တွင် တည်ရှိ ပါသည်။

သင်ကြားရေး

ကျား

​ပေါင်း

အရာထမ်း ၁၈ ၈၄ ၁၀၂
အမှုထမ်း ၁၇ ၂၂
စုစုပေါင်း ၂၃ ၁၀၁

၁၂၄

စီမံခန့်ခွဲရေး

ကျား

​ပေါင်း

အရာထမ်း ၁၀
အမှုထမ်း ၂၈ ၅၆ ၈၄
စုစုပေါင်း ၃၂ ၆၂

၉၄

ဌာန၊ ဌာနခွဲတို့နှင့်၎င်းတို့၏လုပ်ငန်းဆောင်ရွက်ချက်များ

စီမံရေးရာဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ

            စီမံရေးရာဌာနသည် သင်ကြား/စီမံဝန်ထမ်းများ၏ ရာထူး တိုးပြောင်း၊ နှုတ်ထွက်၊ ပင်စင်၊ ကွယ်လွန်၊ ခွင့်၊ နှစ်တိုးနှင့် နိုင်ငံခြားပညာသင်ကိစ္စရပ်များကို ဆောင်ရွက်ခြင်း၊ လစဉ်အချက် အလက်ကိစ္စရပ်များဆောင်ရွက်ခြင်း၊ database များ တည်ဆောက်ခြင်း၊ လစဉ်ပုံမှန်ပေးပို့ နေသော ညွှန်ကြားစာများဆောင်ရွက်ခြင်း၊ ဆုတံဆိပ်ကိစ္စရပ်များ ဆောင်ရွက်ခြင်း ဆရာ/ဆရာမများ၏ Vacation ကိစ္စရပ်များဆောင်ရွက်ခြင်း၊ ဝန်ထမ်းအင်အားစာရင်း အား ပြုစုဆောင်ရွက်ခြင်း၊ နေ့စားဝန်ထမ်းများ၏ ကိစ္စရပ်များဆောင်ရွက်ခြင်း၊ စာဝင်/စာထွက် ကိစ္စရပ်များဆောင်ရွက်ခြင်း၊ ညွှန်ကြားစာများ၊ လမ်းညွှန်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခြင်း ကိစ္စရပ်များကို ဆောင်ရွက်လျက် ရှိပါသည်။

နယ်မြေဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ

           ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြက်ရိုင်းများရှင်းလင်းခြင်း၊ သစ်ပင်ပန်းပင်များ စိုက်ပျိုးခြင်း နှင့် လုံခြုံရေး တာဝန်များထမ်းဆောင်ခြင်း ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါသည်။

ဘဏ္ဍာရေးရာဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ

            လစာစာရင်းများရေးဆွဲခြင်း၊ ဘတ်ဂျက်ပိုငွေ/လိုငွေစာရင်းများရေးဆွဲခြင်း၊ လချုပ် စာရင်း များပြုစုခြင်း၊ အသုံစရိတ် Bill များရေးဆွဲခြင်း၊ နေ့စားလစာ Bill များရေးဆွဲ ခြင်း၊ သာမန်အသုံးစရိတ်၊ ငွေလုံးငွေရင်း အသုံးစရိတ် ကိစ္စများဆောင်ရွက်ခြင်း၊ ခရီးစရိတ်များ ရေးဆွဲခြင်း၊ ကျောင်းလခ နှင့် ကျောင်းဆောင်ကြေးများစာရင်း ကောက်ခံပြုစုခြင်း၊ ညွှန်ကြားစာ များကို အချိန်နှင့်တပြေးညီဆောင်ရွက်ခြင်းကိစ္စရပ်များကို ဆောင်ရွက်လျက် ရှိပါသည်။

သင်တန်းရေးရာဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ

            နေ့သင်တန်းကျောင်းသား/ကျောင်းသူများ၏ ကျောင်းဝင်ခွင့်/နှုတ်ထွက်/ ဘာသာပြောင်း၊ ကျောင်းပြောင်းကိစ္စရပ်များဆောင်ရွက်ခြင်း၊ထောက်ခံစာများဆောင်ရွက်ပေးခြင်း၊ အဆောင်ကိစ္စရပ်များဆောင်ရွက် ပေးခြင်း၊ ကျောင်းသားများနှင့်သက်ဆိုင်သော ဟောပြောပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ သုတေသနကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ လစဉ်ကျောင်းသားစာရင်းအချက် အလက်များပြုစုပေးခြင်း၊ စာမေးပွဲကိစ္စရပ်များဆောင်ရွက်ခြင်း၊ ပညာသင်ကိစ္စရပ်များဆောင်ရွက်ပေးပြီး ဘွဲ့နှင်းသဘင် ကိစ္စရပ်များဆောင်ရွက်ခြင်း၊ ညွှန်ကြားစာများ အချိန်နှင့်တပြေးညီ ပြန်ကြားဆောင်ရွက်ခြင်း ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါသည်။

အဝေးသင်သင်တန်းဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ

            အဝေးသင်ကျောင်းသား/ကျောင်းသူများ၏ ကျောင်းဝင်ခွင့်၊ ကျောင်းပြောင်း၊ နှုတ်ထွက် စာရင်းများဆောင်ရွက် ခြင်း၊ စာအုပ်၊ စီဒီ၊ စာစဉ်ကိစ္စများဆောင်ရွက်ခြင်း၊ စာမေးပွဲကိစ္စရပ် များ ဆောင်ရွက်ခြင်း၊ ညွှန်ကြားစာများ အချိန်နှင့်တပြေးညီ ပြန်ကြားဆောင်ရွက်ခြင်းကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါသည်။

ကွန်ပျူတာဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ

           အခမ်းအနားများတွင် Power-point , Presentation များ ဆောင်ရွက်ခြင်း၊ CTC ခန်းများ ကူညီဆောင်ရွက်ခြင်း၊ လစဉ်အချက်အလက်စာရင်းများ ဆောင်ရွက်ခြင်း၊ Website အား စီမံဆောင်ရွက်ခြင်းကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါသည်။

စာကြည့်တိုက်ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ

            ကျောင်းဖွင့်ရက်စာငှားခြင်း၊ စာရှာခြင်း၊ စာအုပ်စင်/စင်ကတ်များ အက္ခရာစီခြင်း၊ နေ့စဉ်ပြန်အပ်စာအုပ်များ စာအုပ်စင်ထည့်ခြင်း၊ ဂျာနယ်၊ မဂ္ဂဇင်း၊ သုတေသန၊ သတင်းစာများ ဝယ်ယူဆောင်ရွက်စာရင်းသွင်းခြင်း၊ digital Library e-tekkatho နှင့် ချိတ်ဆက်ပြီး စာရှာခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

အားကစားဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ

            အားကစား Calendar အလိုက် အားကစားပြိုင်ပွဲများကျင်းပ ပြုလုပ် ဆောင်ရွက်ခြင်း၊ ဇုန်အဆင့်အားကစား ပြိုင်ပွဲများကျင်းပပြုလုပ်ဆောင်ရွက်ပေးခြင်း ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါသည်။

အင်ဂျင်နီယာဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ

            တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ Estimate , Bill များ တွက်ချက် ဆောင်ရွက် ခြင်း၊ စက်သုံးဆီ၊ လျှပ်စစ်ပစ္စည်း၊ စတိုပစ္စည်းကိစ္စများဆောင်ရွက်ခြင်း၊ ကျောင်းဝန်းအတွင်း ဝန်ထမ်းအိမ်ယာများ၊ ကျောင်းသားဆောင်များ ရေ၊ မီးများရရှိရေးအတွက် ဆောင်ရွက်ခြင်း၊ အခမ်းအနားများပြင်ဆင်ဆောင်ရွက်ခြင်း၊ ညွှန်ကြားစာများအား အချိန်နှင့် တပြေးညီ ပြန်ကြား ဆောင်ရွက်ခြင်းကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါသည်။